သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၇.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ မြိုင်ရတနာနှစ်ထပ်ဈေးရှိ အလှကုန်ပစ္စည်းများရောင်းချခြင်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် သထုံ-ဘားအံ လမ်းပေါ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ကလေးခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်းသည် ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး Talk Show အား ( ၁၃.၇.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် အမကကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဋ္ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၈.၇.၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် တောင်ကြီးပညာရေးဒီဂရီကောလိပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး(ကိုယ်စား) သင်တန်းရေးရာဌာနကြီးမှူး ဒေါ်စိမ်းစိမ်းမှ အဖွင့်အမှာစကားပြ