သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန တောင်ကုတ်မြို့မှ ဝန်ထမ်းများသည် မြို့နယ် ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်၊ ကျန်းမာရေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၆-၇-၂၀၂၂)နေ့တွင် တောင်ကုတ်မြို့ အထက (၁) ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ၊ ပုဒ်မ(၄၁) ၊ ပုဒ်မ(၄၃) ပြဌာန်းချက်များအား သိရှိလိုက်နာပြီး မိမိတို့ ထုတ်လုပ်ထုပ်ပိုးသော ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြချက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြစေရေးအတွက် (၇-၇-၂၀၂၂)ရက်နေ့ နံ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဇူလိုင်လ (ရ)ရက် နေ့ နံနက်(၁၀:၃၀)နာရီတွင် ပုဏ္ဏားကျွန်းမြို့မဈေးအတွင်း ရောင်းချနေသော အလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရေနီမြို့တွင် ရောင်းချလျှက်ရှိသော အမှတ်တံဆိပ်ပါ စားသုံးဆီများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒု-ဦးစီးမှူး ဦးနေစိုးထက်တို့သည် ဇူလိုင်လ ၇ ရက်နေ့က တောင်ငူမြို့နယ်အတွင်းရှိ ဆီစက်များသို့ သွားရောက်၍ ကြိတ်ခွဲ ထုတ်လုပ်နိုင်မှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပါသည်။