ဒေးဒရဲမြို့မဈေးအတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း ရောင်းချနေသော အသင့်စားမုန့် အမျိုးမျိုး တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် FDA ထောက်ခံချက်အမှတ်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ပါဝင်ပစ္စည်း ဖော်ပြထားရှိမှု၊ မြန်မာဘာသာ ဖြင့် ဖော်ပြထားရှိမှု အခြေအနေတို့အား စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)