
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော အစားအသောက်များ ဝယ်ယူစားသုံးနိုင်ရေးနှင့် စားသုံးသူအခွင့်အရေးများ ကာကွယ်ပေး နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၂-၈-၂၀၂၆) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်းရှိ အသင့်စားခေါက်ဆွဲခြောက် အရောင်းဆိုင် များအားကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အသင့်စားခေါက်ဆွဲခြောက်များ၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူအမည်နှင့် လိပ်စာ၊ ထုတ်ကုန်အမှတ်အသားနှင့် ထုပ်ပိုးမှု အခြေအနေများနှင့် FDAထောက်ခံချက်အမှတ်များ ရှိ/မရှိကို စစ်ဆေးခဲ့ကြသည်။ ဒေးဒရဲမြို့နယ်အတွင်း စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
DOCA(ဧရာဝတီ)
