သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တာဝန်ခံ ဦးသန်းအေး(ဒု-ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ၁၁.၈.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လင်းယောခင်ကျေးရွာတွင် ဘိုးစဉ်ဘောင်ဆက် ဆန်ကော၊ ဆန်ခါလုပ်ငန်းဖြင့် အသက်မွေးသူများ များပြားလှပါသည်။ ၎င်းကျေးရွာမှ ပြုလုပ်သော ဆန်ကော၊ ဆန်ခါများမှာ လက်ရာသေသပ် ကောင်းမွန်သောကြောင့် ဒေသတွင်းတွင် နာမည်ရလျှက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိရန်ရည်ရွယ်ကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၁၈/၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် (၁၀:၀၀)တွင် ရေဖြူမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ဇာထိုး၊ ပန်းထိုး သင်တန်း၌ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်း သင်တန်းတစ်ချိန်(၄၅)မိနစ်ခန့် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်း ကျောင်းအုပ်တာဝန်ခံရာရှိမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားသောက်များ ဝယ်ယူစားသောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးနိုင်ပါရန် ဖိတ်ကြားလာပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးရုံးအနေဖြင့် ဟောပြောပွဲ ကျင်းပပြုလုပ်ခွင့်ပြုပါရန် ပြည်နယ်ဦးစီးမှူးရုံးထံသို့ (၁၅.၈.၂၀၂၂)ရက်နေ့တွင် တ