သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Jul 2022

ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီ

11 Jul 2022

            မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးနေကြာ မျိုးစေ့ထုတ် စိုက်ဧက ၁၃၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဖြစ်ပါသည်။စိုက်ပျိုးသော မျိုးများမှာ စင်ရွှေကြာ (၂)မျိုးနှင့် ရေဆင်း(၁) မျိုးတို့ဖြစ်ပါသည်။ မျိုးစေ့ထုတ်နေကြားများမှာ မေလ မှ အစောစိုက်၍ သြဂုတ်လဆန်းတွင် စတင်ရိတ်သိမ်းသွားမှာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာပေးခြင်း ၊ မျိုးကောင်း မျိုးသန့် ဧရိယာ ကျယ်ပြန့်လာစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

11 Jul 2022

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ် တာဝန်ခံ ဦးရဲမြင့်ဆန်းသည် မလှိုင်မြို့၊ အမှတ် (၈) ရပ်ကွက်၊ ကံကြီးလမ်းရှိ မုန့်မျိုးစုံဆိုင်များသို့ (၄.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်၌ ကုန်စုံဆိုင်များအတွင်းရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

11 Jul 2022

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဇူလိုင်လ (၆.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်ရာများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

11 Jul 2022

           သံတွဲခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးဆောင်၍ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် FDA၊ မြို့နယ်စည်ပင်တို့ပါဝင်သော  ပူးပေါင်းအဖွဲ့သည်  (၄-၇-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)ခန့်အချိန်တွင် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးဝါးပစ္စည်း အရောင်းဆိုင်များသို့သွားရောက်၍ သက်ဆိုင်ရာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆေးဝါးထောက်ခံချက် ရယူထားခြင်းမရှိသော ဆေးဝါးများ၊ သုံးစွဲရန်မသင့်တားမြစ်ထားသော တိုင်းရင်းဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင

Pages