သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်(၁၁-၈-၂၀၂၂)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုး
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် အငယ်တန်းစာရေး ဒေါ်မိခင်သူဇာတို့သည် ၁၅-၈-၂၀၂၂ ရက်၊ တနင်္လာနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က (၁) ကျောင်းတွင်မြို့နယ်ကျောင်း ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ကျန်းမာရေးနှင့်ညီညွှတ်ပြီးဘေးအန္တရာယ် ကင်းရှင်းသည့် စားအုန်းဆီများကိုသုံးစွဲနိုင်ရေး ၊ စျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်း ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ကြီးကြပ်ဆောင်ရွက်လျှက်ရှိရာ(၈-၈-၂၀၂၂)ရက် နေ့တွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီမှူးဦးဆောင်သော စစ်ဆေးရေး အရာရှိများသည် ကျောက်ဆည်၊စဉ့်ကိုင်၊မ
ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး တောင်သူများ လူမှုစီးပွားရေးဖွံဖြိုးတိုးတက်စေရေး အထောက်အကူ ဖြစ်စေရန်အတွက် “ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် တောင်သူတစ်ဦးစိုက်ပျိုးထားသော တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ခင်းသို့ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်နေ့ တွင်စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်လေ့လာ ခဲ့ကြပါသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိန်းမလှကျွန်းကျေးရွာရှိ ပြောင်းစိုက်တောင်သူများနှင့် ကရင်ပြည်နယ်၊ အခြေစိုက်အောင်ဆန်းငွေလာကုမ္ပဏီတို့သည် အစေ့ထုတ်ပြောင်းသီးနှံအား ကန်ထရိုက်စနစ်ဖြင့် တောင်သူအကျိုးတူ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစုမြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါကျေးရွာတွင် ၈-၈-၂၀၂၂ ရက်နေ့ ၊နံနက် (၀၉:၃၀) နာရီ အချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။