သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Oct 2024
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ စျေးကွက်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆေးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

22 Oct 2024
မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

22 Oct 2024
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် အောက်တိုဘာလ ၁၀ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “Bo Bo” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။