သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်း (၂)ဦးသည် ဇွန်လ(၁၇)ရက်နေ့က စစ်ကိုင်းမြို့၊ ကျောက်စိမ်းအချောထည် လုပ်ငန်းအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များအား စစ်ကိုင်းမြို့၊ ဘော်ဂါရပ်ကွက်၊ ကျောက်စိမ်း အချောထည် လုပ်ငန်းအသင်း ဥက္ကဌအိမ် ၌ တွေ့ဆုံခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်မှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် စစ်ကိုင်းခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၇.၆.၂၀၂၂) ရက
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ် စားဆီနှင့်စားသောက်ကုန်စည်ရောင်းဝယ်ရေးအသင်းမှ အသင်းဝင်များအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ (၁.၇.၂၀၂၂) ရက်နေ့တွင် တွေ့ဆုံခဲ့သည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့နှင့်ပူးပေါင်း၍ ၂၉.၆.၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သုဓမ္မဝတီမြို့သစ်ရှိ စားသောက်ကုန်လုပ်ငန်း (၉) ခုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇)ရက် နေ့လယ် (၀၂:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ TTH Bakery (2)မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်အား ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။