သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Jul 2022

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တမူးခရိုင်၊ တမူးမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး Talk Show အား တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၃.၆.၂၀၂၂ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

01 Jul 2022

               စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် (၂၄.၆.၂၀၂၂)ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၂-၂၀၂၃ ) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

30 Jun 2022

          လျှော်ဖြူပင်ကို မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရပ်ဝန်းဒေသများတွင် အဓိကစိုက်ပျိုးကြ သည်။ လျှော်ဖြူပင်သည် ရေငတ်ဒဏ်၊  ပူပြင်းသောရာသီဥတုဒဏ်ကို ခံနိုင်သောအပင်မျိုးဖြစ်သည်။ နှစ်ရှည်ပင်အမျိုးအစားတွင် ပါဝင်သော လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်အောင်မြင်လျှက်ရှိသည်။ စစ်ကိုင်းတိုင်း‌ဒေသကြီးတွင် ခရိုင် (၇)ခုမှ လျှော်ဖြူစိုက်ဧကပေါင်း (၂၇၆၂၃)ဧကရှိကြောင်း၊ ၎င်းစိုက်ဧကများမှ လျှော်ဖြူစေး ကုန်ကြမ်း(၄၅၃၆)ဧကအား ထုတ်ယူနေကြောင်းလေ

30 Jun 2022

         ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးဦးဆောင်၍ (၂၉-၆-၂၀၂၂) ရက်နေ့တွင် ပျဉ်းမနားမြို့ရှိ အာဟာရသုခဈေးသို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဖြန့်ဖြူးရောင်းချပေးသည့် စားသုံးဆီများအား နေပြည်တော်ရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

30 Jun 2022

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်မှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍   ဇွန်လ(၂၁)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီတွင်    အမှတ်(၁၉)ရပ်ကွက်  အ-လ-က(၂)ကျောင်းရှိ ဆရာ/ဆရာမများနှင့်၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

Pages