သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၂၁.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီ အချိန်ထိ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၂၈)လမ်းရှိ အောင် စက်မှုလက်မှုလုပ်ငန်းမှ လုပ်ငန်းရှင် ဦးအောင်ခိုင်နှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် (ဦး/ရှိ)နှင့် ဝန်ထမ်းများသည် ၂၄-၆-၂၀၂၂ရက်(သောကြာနေ့) နေ့လယ် (၁၀:၀၀) နာရီအချိန် ဘားအံမြို့ရှိ အမှတ်(၃) ရပ်ကွက်၊ အ-မ-က(၅)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၀-၆-၂၀၂၂ ရက်နေ့မှ ၂၄-၆-၂၀၂၂ ရက်နေ့ထိ၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် ၂၃.၆.၂၀၂၂ နေ့ (၁၀:၃၀)အချိန်တွင် ဓနုဖြူမြို့နယ် ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်း များသည် (၂၂.၆.၂၀၂၂)ရက်နေ့တွင် ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း Gnoအမှတ်တံဆိပ် ကုန်ပစ္စည်များ အား တရားမဝင်ရောင်းချသော ကုန်စည်များ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ဓနုဖြူဈေးကွက်အတွင်းရှိ ဈေးဆိုင်(၁၀)ဆိုင်တွင် ရောင်းချနေသော ကုန်စည်များတွင် Gno အမှတ်တံဆိပ်ဖြင့် ကော်ဖီ(3 In 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို တရားမဝင်တင်သွင်းကုန်စည်များရောင်းချခြင်း ရ