ကြို့ပင်ကောက်မြို့နယ် Online Sales ရောင်းချသောလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက် ဝိပသာနာ လမ်းရှိ Online Sales ရောင်းချနေသော လုပ်ငန်းအား ၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်အတူ ဝန်ထမ်းတစ်ဦးတို့ မေအြပြင်ကွင်းဆင်းခဲ့ပါသည်။ Online Sales များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်းမှာ Online စနစ်ဖြင့်ဝယ်ယူ မှုအရစားသုံးသူနှစ်နာမှု လျော့နည်းစေရန်၊အွန်လိုင်းစနစ်ဖြင့်ရောင်းချမှု၊ဝန်ဆောင်မှုပေးခြင်းတို့တွင် စနစ်တကျ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ရေးအတွက် ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။ Online Sales လုပ်ငန်းများအတွက် မှတ်ပုံတင်ခြင်းတွင် လွယ်ကူစွာမှတ်ပုံတင်နိုင်ရန် မိမိကိုယ်တိုင် Online မှဝင်ရောက်လျောက်ထားနိုင်ခြင်း၊အခြားသောဌာနဆိုင်ရာများကို အသိပေးလျောက်ထား နိုင်ကြောင်း ပြောကြားခဲ့ပါသည်။မှတ်ပုံတင်လျောက်ထားရန်အတွက် လုပ်ငန်းတည်ရှိရာ လိပ်စာ မှန်ကန်ကြောင်းရပ်ကွက်၊ရဲစခန်းထောက်ခံစာ၊pass port ဓာတ်ပုံ (၁)ပုံ၊မှတ်ပုံတင်မူရင်း၊အိမ်ထောင် စုစာရင်းမိတ္တူ၊Email လိပ်စာဖုန်းနံပါတ်၊ Facebook Page စသဖြင့်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။စားသုံးသူများအနေဖြင့်လည်း ကုန်စည်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများ မရှိစေရန်အတွက် မိမိဝယ်ယူမည့် Online Business တွင်မှတ်ပုံတင်ရရှိထားမှုရှိ/မရှိ စုံစမ်း၍ဝယ်ယူရန်နှင့် Online စနစ်ဖြင့်ရောင်းချမည့် လုပ်ငန်းရှင်များ အနေဖြင့်မှတ်ပုံတင်ရရှိပြီးမှ မိမိတို့လုပ်ငန်းများ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ DOCA(ပဲခူး)