သတင်းနှင့် လှုပ်ရှားမှုများ
မုံရွာ၊ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်မှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့နယ်တာဝန်ခံတို့သည် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဇွန်လ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် ဖျာပုံမြို့အောက်ကွင်းကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း အမှတ်(၁၀၁) ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ဆိုင်ရာ အသိညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအားစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ငါန်းဇွန်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေခံပြုဗဟိုဌာန (Community Center) ခန်းမ၌ ၂၂.၆.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် အထူးစျေးနှုန်းဖြင့် စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၌ မိတ္ထီလာခရိုင်အတွင်း ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၂.၆.၂၀၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးပွဲသို့ မိတ္ထီလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ စက်သုံးဆီရောင်းချခွင့်လက်မှတ်ရဆိုင်များမှ ကိုယ်စားလှယ်(၁၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်စားသုံးသူ