
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီ လက်လီ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အပတ်စဉ် ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၇)ရက်နေ့၊ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစိ စစ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦး တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ရပ်ကွက်အတွင်း ရောင်းချသော ဆီဆိုင်များ ဖြစ်သည့်ဈေးပိုင်းရပ်ကွက်မှ ဦးဟိန်းသော်ဇင်ဦး(လက်လီလက်ကားအရောင်းဆိုင်)၊ ဦးခင်မောင်အေး (လက်လီအရောင်းဆိုင်)၊ ကံကြီးမကျီးရပ်ကွက်မှ ဦးကျော်လွင် (လက်လီအရောင်းဆိုင်)၊ မြို့မရပ် ကွက်မှ ဦးဟိန်းမင်းလတ်(လက်လီအရောင်းဆိုင်)၊ ဦးသူရအောင်(လက်လီအရောင်းဆိုင်)များနှင့်၊ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချသောဆိုင်များဖြစ်သည့် ဒေါ်လဲ့လဲ့ သင်း(လက်လီအရောင်းဆိုင်)၊ ဒေါ်မြသီတာကျော်(လက်လီအရောင်းဆိုင်)၊ ဦးစန်းအေး (လက်လီ အရောင်းဆိုင်)၊ ဦးမြင့်မင်းသူ(လက်လီအရောင်းဆိုင်)၊ ဒေါ်မျိုးသူဇာထွန်း (လက်လီအရောင်း ဆိုင်)များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူ ဖြန့်ဖြူး ရောင်းချသည့်အရေအတွက် ပိဿာ၊ ပေပါ ရောင်းချသည် လက်လီလက်ကား ဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချပေးလျက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)