သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Jan 2019

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီသီးနှံဌာနခွဲနှင့် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးမှူးရုံးတို့မှ ပူးပေါင်း၍ အရည်အသွေးမြှင့်အထူးတန်းဝင် ကော်ဖီထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို (၇.၁.၂၀၁၉)ရက်နေ့တွင် ကျိုင်းတုံမြို့ အမှတ်(၃) ရပ်ကွက်ရှိ တိုင်းလိ ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကော်ဖီ အသင်းဖွဲ့ဝင်များ၊ စိုက်ပျိုးသူတောင်သူများ စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်

08 Jan 2019

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အင်္ဂါနေ့စကားဝိုင်း( Tuesday Talk) အခမ်းအနားကျင်းပ ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်က “တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ဆောင်ရွက်ပေးမှုအခြေအနေနှင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများ” ကို ရှင်းလင်းပြောကြားခဲ့ပြီး သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာ

03 Jan 2019

          စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ မုန့်ညှင်းကြီးကို ဧကျကျယ်ကြီးများနှင့် စိုက်ပျိုးလာတာတွေ့ရပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန့်ညှင်းကိုအမျိုးမျိုးစီမံ စားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန့်ညှင်းကို အချဉ်တည်စဉ့်အိုးများနှင့် သိုလှောင်ပြီး နှစ်ပေါက်ရောင်းချသူများလည်း ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ရက်ခြောက်ဆယ်ဆွတ်ခူးရောင်းချရတဲ့အတွက် လျင်မြန်စွာ ငွေဝင်တဲ့သီးနှံဖြစ်ကြောင်း သိရပါတယ်။

 

02 Jan 2019

ရှားစောင်းလက်ပပ်အပင် ဆေးဘက်ဝင် စျေးကွက်ဝင်

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာဒေသအနှံ့အပြားတွင် ရှားစောင်းလက် ပပ်အပင်များကို စိုက်ပျိုးကြပါတယ်၊ အိမ်ခြံဝန်းများနှင့် ယာခင်းကန်သင်းများမှာ စိုက်ပျိုးလေ့ရှိပါတယ်။ ရှားစောင်းလက်ပပ်ပင်သည် မြေကြီး အစိုဓာတ် အသင့်အတင့် ရရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ်အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်ပါ တယ်။

ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့မြေမျိုး

Pages