တနင်္သာရီတိုင်းဒေသကြီးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမြေပြင်စစ်ဆေးခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အစည်းအဝေးအား တက်ရောက်ခြင်း

Powered by Drupal
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ် ၁၅း၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပသော အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မြေပြင် စစ်ဆေးခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံများနှင့်တွေ့ဆုံ သည့် ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ လက်ထောက်ညွှန် ကြားရေးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဝန်ထမ်း များမှ ဆွေးနွေးခြင်း၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၆း၃၀)နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)