သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အင်းဓဝယ်ကျေးရွာ၊ အထွက်တိုးစခန်း ၌ (၆.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူပြည်သူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံဦးဘိုဘိုသည် ၂၀၂၂ ခုနှစ် ဩဂုတ် လ ၅ ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်တွင် အမှတ်(၁)ရပ်ကွက်ရှိ အ-လ-က(ခွဲ)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၁၀၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါ သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ရာဇာစွမ်းအားစု Tissue ထုတ်လုပ်ရေးလုပ်ငန်း၊ ဂဠာန်မင်းငရုပ်ဆီထုတ်လုပ်ရေးလုပ်ငန်း၊ ရွှေငါးမုန့်ဖုတ်လုပ်ငန်းနှင့် သဇင်မုန့်မျိုးစုံဖြန့်ချီရေးလုပ်ငန်းတို့မှ လုပ်ငန်းရှင်(၄)ဦးအား (၃-၈-၂၀၂၂)ရက်နေ့တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)မှ စစ်တွေမြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ် ၊ ဩဂုတ်လ(၈)ရက် နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း(၅)ဦးသည် လွိုင်ကော် မြို့နယ်၊ နောင်ယား(က) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၆၀)ဦးကိုစားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး များနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား Mistine အမှတ်တံဆိပ် အလှကုန် ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်စောင့