ဓနုဖြူမြို့နယ် မိုးစပါးလက်စိုက် အထွက်တိုးရေး စိုက်ပျိုးရေးနှင့်အတူ ကွင်းဆင်းဆောင်ရွက်

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအတွင်း မိုး စပါးစိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ယင်းသို့ ကွင်းဆင်းကြည့်ရှုရာ၌ အုန်းပင်ကွင်းကျေးရွာမှ တောင်သူ ဦးမင်းသူ၏ စိုက်ပျိုးမြေ ၁ ဧကတွင် ရေဆင်းစပါးမျိုးသစ်ကို လက်စိုက်နည်းဖြင့် စမ်းသပ်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စပါးမျိုးသည် ဒေသတွင်း၌ မျိုးသစ်ဖြစ်ပြီး ရက် ၁၁၀ ၊ ၁၁၅ ရက် သက်တမ်းမျိုးဖြစ်ကာ၊ အထွက်ကောင်းစပါးမျိုးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မိုးစပါးစိုက်ပျိုးမှု မှာ လက်စိုက်စပါး၊ ပျိုးကျဲစပါး၊ Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများဖြင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် မိုးစပါးစိုက်ပျိုးနေမှု များကို လှည့်လည်ကြည့်ရှုကြပြီး ထွန်ယက်စိုက်ပျိုးနေကြသော တောင်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ DOCA(ဧရာဝတီ)