သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၂.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတိုမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့် ကုန်ပစ္စည်းများ ရောင်းချနေသော ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ပြဌာန်းချက်နှင့်ကိုက်ညီ
ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၀) ရက်၊ သောကြာနေ့၊ နေ့လယ်(၁၄:၀၀)အချိန်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
(၁၀.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဟော ပြောပွဲသို့ ဆရာမ(၆)ဦး၊ ကျောင်းသား/သူ (၁၁၆)ဦးနှင့် မုန့်ဈေးဆိုင်ပိုင်ရှင် (၁၉)ဦး တက်ရောက်ခဲ့ပါ သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၆.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တောင်ကြီးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပေးဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးက စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် အသိပညာပေး
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၁.၆.၂၀၂၂)ရက်နေ့တွင် မအူပင်မြို့နယ် ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေသော ကုန်ပစ္စည်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။