သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် (၃၁.၇.၂၀၂၂) ရက်နေ့ နံနက် (၀၈:၃၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့ သည် မိတ္ထီလာမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စု လျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂-၈-၂၀၂၂ ရက်နေ့မှ ၃-၈-၂၀၂၂) ရက်နေ့ထိ၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါ သည်။
ဘားအံမြို့ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းမုန့်ဈေးတန်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော အစားအသောက်များ ရောင်းချနေမှု ရှိ/ မရှိ၊ ရောင်းချနေသော အစားအသောက်များသည် ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/ မရှိကို အသိပညာပေး စစ်ဆေးဆောင်ရွက်သွားရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် နံနက် ၀၈:၃၀ နာရီ အချိန်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီ
စားသုံးသူရေးရာဦးစီးဌာန၊ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စသည့် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ (၂-၈-၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟားခါးမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် (expire date) သက်တမ်းကုန်ပစ္စည်းများ ရှိ/မရှိ၊ မလေးရှားနိုင်ငံထုတ် (Gano) အမှတ်တံဆိပ်ဖြင့် သွားတိုက်ဆေး၊ ကော်ဖီ၊ ဖြည့်စွက်အစားအစာ စသည့် တရားဝင်ရောင်းချသည့်ပစ္စည်းများ မှန
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လာဘ်မီးအိမ် စားသောက်ဆိုင်၌ ပြည်နယ်ဆန်၊ စပါးရောင်းဝယ်ရေး ဈေးနှုန်းဈေးကွက် အခြေအနေနှင့် စပ်လျဉ်း၍ ပြည်နယ်ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်(၁၃)ဦးနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။