
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့, မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်မြို့၊တက္ကသိုလ်ရပ်၊ မြရိပ်ညို(၁၁)လမ်းရှိ မြိတ်ဒိုးနပ် မုန့်လုပ်ငန်းအားသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါရှိစေ ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလုပ်ငန်းသို့ကွင်းဆင်းရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားပါရှိစေရေးကိုအဓိကထားစစ်ဆေးခဲ့ပြီး ၊ သက်ဆိုင်ရာထောက်ခံချက်များနှင့် ဘေးကင်းသော အစားအသောက်များထုတ်လုပ်နိုင်ရေးနှင့် မုန့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)