သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jun 2022

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ပျူမြို့ဟောင်း၊ မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညို ကျေးရွာရှိ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် (၁၈.၆.၂၀၂၂) နေ့လည် (၁၂:၀၀)နာရီမှ (၁၆:၀၀)နာရီ အချိန်အထိ ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော တောင်သူ (၁၁၂)ဦးအား ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ကြသလို စားသုံးသူရေး

24 Jun 2022

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၀.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

24 Jun 2022

            ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ နယ်၊ ဝါးတောကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

24 Jun 2022

            ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပသည့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

24 Jun 2022

            ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်တရားဉပဒေရုံးတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် အတူ ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက ကျောက်တံခါး ၊ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ဖဒို၊ မြို့ချောင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ ကွင်းဆင်

Pages