သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jun 2022

           ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂) ရက်နေ့တွင် သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် စည်ပင်အပြင်ဘက် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များဖြစ်သော လပ်တီးဇုန်၊ ယွန်းယွန်း၊ ဖြိုးမောက်ပြည့်စုံဆီအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။

24 Jun 2022

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့်အတူ ဇွန်လ (၁၆၊၁၇) ရက်နေ့များတွင် မြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီချင်တွယ်ပြည့်ဝမှုရှိမရှိ၊ ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိမရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေများအား သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

24 Jun 2022

      ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁/၂/၃) အတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

24 Jun 2022

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် (၆.၆.၂၀၂၂) နေ့နှင့် ၁၆.၆.၂၀၂၂ နေ့များ၌ ကျေးရွာအုပ်စု ၃ အုပ်စုမှ ကျေးရွာ ၃ ရွာရှိ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု သင်တန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနပေါင်းစုံ (၈) ဌာန ပူးပေါင်း၍ တောင်သူ (၁၁၀) ဦးအား ဒုဦးစီးမှူး ဒေါ်အေးအေးမွန်နှင့် ဝန်ထမ်းတစ်ဦးက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

24 Jun 2022

         နေ့စဉ်ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်အခြေခံစားသောက်ကုန်များထဲတွင် ဆီသည်မပါမဖြစ်သောကုန်စည်ဖြစ်သည့်အလျောက် ဈေးကွက်အတွင်း၌ ဆီအမျိုးမျိုးကို အလေးချိန်များချင်တွယ်၍ လည်းကောင်း၊ ပုလင်း/ဘူးများတွင်သွပ်သွင်း၍ လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းချကြပါသည်။ ဈေးကွက်အတွင်းရောင်းချမှုအများဆုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ ၊ နေကြာဆီနှင့် စားအုန်းဆီများဖြစ်ပြီး ဖွဲနုဆီ၊ ဝါစေ့ဆီ၊ ပြောင်းဆီနှင့် ပဲနှမ်းဆီများကိုလည်း ရောင်းချခြင်းများရှိပါသည်။  ယင်းဆီများထဲတွင် စားအုန်

Pages