
ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး၊အောင်ပန်းမြို့မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂.၇.၂၀၂၅)ရက်နေ့၊(၁၃:၃၀)နာရီတွင် ပင်လောင်းမြို့နယ်ရှိ စားသုံးဆီ လက်လီအရောင်းဆိုင် (၃)ဆိုင်အားလည်းကောင်း၊ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅)ရက်နေ့တွင် ဟဲဟိုးမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်(၃)ဆိုင်တို့အား လည်ကောင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပင်လောင်းမြို့နယ်မနှင့် ဟဲဟိုးမြို့ပေါ်မှ ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာ သောစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေး၊ သယ်ယူ ပို့ဆောင်ခကုန်ကျ စရိတ်နှင့် ၂%အမြတ် တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကား ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေး သွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောလက်လီ/လက္ကားကိုယ် စားလှယ်(၆)ဦး ထံမှ သတင်းရရှိ ပါသည်။
DOCA(ရှမ်း)