သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ စက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ အား (၂၇.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား (၂၆.၇.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှုယန္တရားအောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိက နေရာမှပါဝင်သကဲ့သို့ ၎င်းတို့အား ဆက်မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အလမ်း ရှိအောင် ဖန်တီးပေးနိုင်ရေးသည် လွန်စွာမှအရေးကြီးပါသည်။ တစ်ယောက်အားဖြင့်ယူသော်မရ၊ တစ်သောင်းအားဖြင့်ယူသော်ရ၏ ဆိုသောစကားသည် ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကကျပုံကိုမီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်တည်း ဆောင်ရွက် ရမည့် ကိစ္စများတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်ရ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၂၅.၇.၂၀၂၂) ရက်နေ့၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်း၏ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအသိပညာပေးဟောပြော ပွဲတွင် ခရမ်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်မှလည်း မိမိတို့ဌာန၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများနှင့် အစားအသောက်
ကရင်ပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကို ၂၈-၇-၂၀၂၂ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။