
စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်အတွင်းရှိ " ရွှေကြယ်စင် " မုန့်ဖိုအား ( ၂၅.၆.၂၀၂၅ ) ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြင့် သွားရောက်၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
" ရွှေကြယ်စင် " မုန့်မျိုးစုံ လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများကိုက်ညီမှု ရှိ/မရို၊ ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ၌ ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့် ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုရောင်းချပါရန်နှင့် အသားတင်အလေးချိန်အား ဖော်ပြထားသည့် အတိုင်း ထည့်သွင်းရောင်းချရန် အသိပညာ ပေးဟောပြောခဲ့ပါသည်။
DOCA(စစ်ကိုင်း)