
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့်မိုးစပါးလက်တွေ့စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ(၁)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ကော့မှူးမြို့နယ်၊ မကျီးကန်းကျေးရွာ ကွင်းအမှတ်(၂၉၁) ဦးပိုင်အမှတ် (၂၃)ရှိ ဦးချစ်နိုင်၏ လယ်ယာမြေတွင် ကျင်းပးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် တွံတေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညွှန့်နွယ်မှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်မှ တိုက်ရိုက်အစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခြင်းနှင့် အဆိုပါတိုက်ရိုက် မျိုးစေ့ချ ကိရိယာ Seeder ဖြင့် သရုပ်ပြ မိုးစပါး စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာသော တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ််ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ကြီးကြပ်မှုအဖွဲ့ ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၆၂)အုပ်စုမှ အုပ်ချုပ်ရေးမှူး များနှင့် လေ့လာသူတောင်သူများက တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် သရုပ်ပြစိုက်ပျိုး ခြင်းအား လှည့်လည်ကြည့်ရှု့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံနက်(၁၀:၃၀) နာရီအချိန်တွင် အခမ်းအနား ပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)