ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday talk အခမ်းအနား ကျင်းပ

Powered by Drupal
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday talk အခမ်းအနားကို ၂၀၂၅ခုနှစ် ဇွန်လ ( ၂၆) ရက်နေ့ မွန်းလွဲ ( ၂း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဝန်ထမ်းအင်အား ( ၅၀) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက အဖွင့်အမှာစကား ပြောြကားခဲ့ပြီး ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၏ မျှော်မှန်း ချက်များ၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာ့ဆန်စပါးအွန်လိုင်း( MyRO)တွင် မှတ်ပုံတင်ခြင်းအကြောင်းအရာများကို ပါဝါပွိုင့်များဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)