
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့်ရပ်ကွက်များရှိ အခြေခံစားကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဇူလိုင်လ(၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည် အခြေခံစားကုန်ပစ္စည်းများ ၏ ဈေးနှုန်းအခြေအနေအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင် တို့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင်ကုန်စုံဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ် ကွက်ရှိ ဦးသိန်းထွဋ်(ခ) ဦးကိုလေးကုန်စုံဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဒေါ်မူ၊ ဒေါ်မွှေးကြူ၊ မိဘရိပ်ဆန်ဆိုင်၊ မြို့မဈေးအပြင်တန်းရှိ ဒေါ်လုံးလုံး၊ ဦးချမ်းသာကြီးဆန်ဆိုင်၊ ဦးတင့်ဆွေဦး၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်၊ ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလားအမဲသား ဆိုင်၊ ဦးဇော်ကြီးဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း၊ ဒေါ်မျိုးမျိုးဝင်း ရေချို၊ ရေငံငါးပုဇွန် အရောင်း ဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီလက်ကားအရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိငါးခြောက် ဆိုင်နှင့် ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက်ကုန်စိမ်းဆိုင်တို့တွင် ဇူလိုင်လအတွင်းနှင့် ဇူလိုင်လဆန်းတွင် ဖြစ်ပေါ်နေသည့် အခြေခံစားကုန်ပစ္စည်းဈေးနှုန်း အခြေအနေတို့မှာ သိသိသာသာ ကွာခြားမှုမရှိဘဲ စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)