သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့်အတူ သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ ကြက်သွန်ခင်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ယနေ့ခေတ်ကမ္ဘာပေါ်တွင် ခေတ်မှီတိုးတက်လာသည်နှင့်အမျှ နည်းပညာများ တိုးတက် ထွန်းကားလာသဖြင့် ကောင်းကျိုးများစွားရှိသကဲ့သို့ ဘေးထွက်ဆိုးကျိုးများအနေဖြင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးကွဲများ ဆုံးရှုံးခြင်း တို့ကို ကြုံတွေ့နေရပါသည်။ ကမ္ဘာ့မြေထု၊ ရေထုမှ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှု များပြားလာပြီး စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့်ဓာတ်ငွေ့များအပါအဝင် စွန့်ပစ်ပစ္စည်းများ ကဏ္ဍမှာ စွန့်ပစ်ရန်အခက်အခဲများရှိလာသည်အ
၁.၈.၂၀၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပင်လုံရပ်ကွက်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား( ၂၇.၇.၂၀၂၂ )ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်း ဦးဆောင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Thiri Cosmetic Co.,Ltd သည် ထိုင်းနိုင်ငံရှိ Better Way (Thailand) Co:,Ltdမှ ထုတ်လုပ်သည့် Mistine အလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံ၌ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ကာ FDA ထောက်ခံချက်၊ Hologram (ရောင်ပြန်) စတေကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်အတွင်း တရားဝင်တင်သွင်းရောင်းချလျက်ရှိရာ ယခုအခါ ဈေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများအားတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် ပစ္စည်းများ တွေ့ရှိရကြောင်းသိရှိရသည့်အတွက် မြို့နယ်ဈေးကွက်အတွင်းရှိ/မရှိ သိရှိန