
(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ပါဝင်သော အဖွဲ့ဖြင့် မိုးစပါးစိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် တိုက်ကြီးမြို့နယ်ရှိ ရင်းတိုက်ကွင်းကျေးရွာ၊ ကျိုက်စကိုင်းကျေးရွာသို့ ရောက်ရှိခဲ့ရာ တောင်သူများအား စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းများ တိုးတက်တည်ငြိမ်မှုရရှိစေရန် အတန်းလိုက်၊ အကန့်လိုက်စိုက်ပျိုးစနစ်များ လေ့ကျင့်စိုက်ပျိုးကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်မှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)