
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၄) ရက်နေ့တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ ခင်နှင်းထွေး(မြိတ်ပန်းစည်းဝန်ဆောင်မှုဆိုင်သို့ သွား ရောက်၍ Online လိုင်စင်လျောက်ထားမှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခင်နှင်းထွေး(မြိတ်ပန်းစည်းဝန်ဆောင်မှုဆိုင်၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား စစ်ဆေးခြင်း၊ မှတ်ပုံတင်၊ နေရပ်လိပ်စာမှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး Online မှတ်ပုံတင်လျောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)