
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ်များတွင် ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစိစစ်ခဲ့ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေ အရောင်းဆိုင်များတွင် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းမရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)