ဆန်စပါး ကုန်သည်အသင်းခွဲ အဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြိုနယ်ဦးစီးမှူးရုံးတွင် ဆန်စပါးကုန်သည်အသင်းခွဲ အသင်းဝင်များနှင့် တွေဆုံ၍လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်း၊ဆန်/ ဆန်ကွဲတင်ပိုရောင်းချမှု အခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် လုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို (၃.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)အချိန်က အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေး ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့်တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူ၏နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်နှင့် ပတ်သက်၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးရုံး(CICC)သို့ သက်သေခံထောက်အထားနှင့်အတူတိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင် သည့်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများအကြောင်းကိုသိရှိလိုပါက ဦးစီးဌာန၏ website လိပ်စာဖြစ်သော www. doca. gov. mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆန်စပါးကုန်သည်အသင်းခွဲမှ အသင်းဝင် (၂၄)ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)