ကျိုက်လတ်မြို့နယ် ၊ ဓမ္မရက္ခိတ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၅) ရပ်ကွက်ရှိ ဒေါ်ဖြူဖြူလွင် ပိုင်ဆိုင်သော ဓမ္မရက္ခိတ ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဆန်စပါး/စပါးဈေးနှုန်းနှင့် သိုလှောင်ရုံ Myro မှတ်ပုံတင်ခြင်းကိစ္စ ၊ မှတ်ပုံတင် သက်တမ်းတိုးခြင်း ကိစ္စ၊ သိုလှောင်ရုံ စပါးလက်ကျန် အခြေအနေတို့ကို စက်မှုကြီးကြပ်ဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပက်သက်၍ ဆန်အရည် အသွေး ပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ် ပြည့်မီမှုရှိစေရေး၊ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်စည်အပေါ် တာဝန်ရှိမှု၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ထုတ်ပိုးမှု နည်းစနစ်များ၊ ထုတ်လုပ်သော ကုန်စည်ပေါ်တွင် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာ ဖော်ပြထားရှိမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)