သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည် မြဦးလှည့်အုပ်စု၊ ဆိုင်သောက်ကျေးရွာတွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဖြစ်သော ဗန်း(စကော)လုပ်ကိုင်လျှက်ရှိသော တောင်သူများနှင့် (၂၀-၆-၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက် နံနက်(၀၈း၀၀)နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်ဖြင့် ဈေးကွက်အတွင်း လက်လီ/ လက်ကား ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များအား ပြန်လည်ရောင်းချရာ၌ လက်ကား ရောင်းချနေသူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်နှင့် စစ်တွေမြို့နယ်မှ ဝန်ထမ်းများသည် Pacific Co.,Ltd မှ ထုတ်လုပ်သည့် PARIS ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှုမရှိ၍ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းပြီး အလေးချိန်ပြည့်မီသော ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို United Pacific Co.,Ltd မှ ဝန်ထမ်းများပူးပေါင်း၍ (၂၂-၆-၂၀၂၂) နေ့တွင် မောင်တောမြို့နယ် မြို့မဈေးအတွင်း၌ PARIS ဆပ်ပြာခဲရောင်းချနေသော ဈေးဆ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ပုသိမ်ခရိုင်မှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးအတွင်း ရောင်းချလျှက်ရှိသော မုန့်မျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။