ဖြူးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဖြူးစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ ပါသည်။ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာဈေးအတွင်း ရောင်းချလျှက်ရှိသော အစားအသောက်များ နှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓါတုဆေးများ ပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/မလွန်တို့ကို လည်းကာင်း၊ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆေးဝါးများတွင် တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ပါဝင်မှုရှိ/မရှိကိုလည်းကောင်း စောင့်ကြည့်စစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အစားအသောက်များနှင့် အလှကုန်ပစ္စည်းများကို နမူနာ ကောက်ယူခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည် များကို ရောင်းချခြင်းမပြရန် အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ သို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ DOCA(ပဲခူး)