ဖြူးမြို့ မြို့မ(၂)မူလွန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal
တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မ(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ယင်း ကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပြီးဖြစ်ရာ ကျောင်းသား ကျောင်းသူများအနေဖြင့် မုန့်များနှင့် အချိုရည်များဝယ်ယူစားသောက်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် မုန့်နှင့် အချိုရည်များကိုသာ ဝယ်ယူ စားသောက်သင့်ပုံ များကို ရှင်းလင်းပြောကြားပါသည်။ ထို့အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း က အာဇာနည်နေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်နှင့်အားကစားဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၅၄ ဦး တက်ရောက် ကြောင်း သိရပါသည်။ DOCA(ပဲခူး)