မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအသစ်ဖွဲ့စည်း

Powered by Drupal
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ အုတ်ဖိုမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်မြို့နယ်ဆန်စက် ပိုင်ရှင်များပူးပေါင်၍ ၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ယခင်ဆန်စက်လုပ်ငန်းရှင် အသင်းအားဖျက်သိမ်း၍ ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် ဆန်စက်လုပ်ငန်းရှင်များအသင်းအား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ထိုအစည်းအဝေးပွဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့မှဒုဦးစီးမှူး၊မစဘ အဖွဲ့ဝင်(၂) နှင့်ဆန်စက်လုပ်ငန်းရှင် ၁၃ဦးတက်ရောက်၍ အုတ်ဖိုမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းအား ရွေးချယ်ဆောင်ရွက်ခဲ့ကြပါသည်။ DOCA(ပဲခူး)