
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ယခုအပတ်အတွင်း စစ်ဆေးရမည့် အိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုးတို့အား ဇူလိုင်လ (၇)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆက်စပ်ဌာန များနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင် ဌာနခွဲစာရေး ဦးတင်ထွန်ဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်း မြို့နယ် ရပ်ကွက်များအတွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းချနေသော ဆိုင်များဖြစ်သည့် ဈေးပိုင်း ရပ်ကွက် ရတနာပုံ (၁)လမ်းရှိ ထွန်းသီရိ (လျှပ်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး)၊ ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းရှိ Star (လျှပ်စစ်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး)၊ မြို့မ ရပ်ကွက် ရွှေပြည်တန်လမ်းရှိ ထိပ်တန်း (လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး)၊ ကြယ်စင်(လျှပ်စစ် ပစ္စည်းနှင့် အီလက်ထရောနစ်)ဆိုင်တို့မှ လျှပ်စစ်ရေနွေးအိုး၊ ထမင်းပေါင်းအိုး၊ မီးပူ၊ မျက်နှာကျက် ပန်ကာ၊ လေအေးပေးစက်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ စိစစ် ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုခေတ် ကာလတွင် လျှပ်စစ်ပစ္စည်းသုံးစွဲမှု များပြားလာသည့် အလျောက် ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ်လာပြီး ဖြစ်သောကြောင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိစစ်ဆေးရခြင်း ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များကို ဝယ်ယူ၍ သုံးစွဲသူ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)