သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Aug 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးတွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ(၉) ရက် နေ့ ၊ နံနက်(၁၀:၃၀ )အချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကယားပြည်နယ် ပြောင်းအသင်းဖွဲ့စည်းပြီးစီးမှု အခြေအနေနှင့် စပ်လျဉ်း၍ ပြောင်းလုပ်ငန်းရှင် အသင်းဝင်(၄)ဦး လာရောက် တင်ပြဆွေးနွေးခဲ့ပါသည်။

17 Aug 2022

       စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းတင် ဦးဆောင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍   အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၉၅)ဉီးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်လူကုန်ကူးမှုနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၉ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။

17 Aug 2022

          ၂၀၂၂ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း )၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

17 Aug 2022

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၁၁.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့်နှင့်ပူးပေါင်း စားသုံးသူပြည်သူများအား မြောင်းမြခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအားအခြပြုဗဟိုဌာန Communit  Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

17 Aug 2022

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၉.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ် အောင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံ ဆိုင်များတွင် ပုဇွန်နှစ်ကောင် တံဆိပ်စားသုံးဆီများဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။

Pages