သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၁.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆုံလဲကျေးရွာအုပ်စု ခန်းမ၌ ဆီစက်လုပ်ငန်းရှင် (၄) ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၁.၇.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၈.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ပရိက္ခရာလမ်း၊ ဧရာဝတီဘဏ်တွင် ဘဏ်လုပ်ငန်းရှင်နှင့် ဘဏ်ဝန်ထမ်း (၂၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူပေါင်း၍ (၁၀.၇.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်ကွက်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်များ ရောင်းချနေသောဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူ ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုပါသည်။