သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Jun 2022

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးတို့သည် (၇.၆.၂၀၂၂)ရက်နေ့ နေ့လည် (၁၃;၀၀)နာရီအချိန်က မြောင်းမြခရိုင်ဦးစီးမှူးရုံးခန်း၌ စက်သုံးဆီတင်သွင်း၊ ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

10 Jun 2022

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇွန်လ (၃)ရက်နေ့၊ နံနက်(၁၀:၀၀)မှ (၁၁:၃၀)နာရီအထိ ဆန်စက်လုပ်သား (၂၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဘိုကလေးမြို့နယ် သရက်ချောင်းကျေးရွာ(တစ်သုံးလုံး)ဆန်စက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

10 Jun 2022

           မွန်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၂-၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည်အသင်း စုံညီနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ၇.၆.၂၀၂၂ ရက် (၁၀:၀၀) နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်အသင်း နာယက၊ ဥက္ကဌ၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ၊ပြည်နယ်ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်များ စုစုပေါင်း (၆၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

10 Jun 2022

             ဖော်မလင်သည် မက်သနော်နှင့် ရေတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် ဓာတ်ပစ္စည်းတစ်ခုဖြစ်သည်။ ဖော်မလင်သည် အရည်၊ အစိုင်အခဲ၊ ဓာတ်ငွေ့အသွင်ဆောင်နိုင်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ ဖော်မလင်ကို သေဆုံးပြီးသောလူများနှင့် သေဆုံးပြီးသော သက်ရှိသတ္တဝါတို့ ပုပ်ပွမှုမရှိစေရန် စိမ်သည့်နေရာတွင် အသုံးပြုပါသည်။ ထို့အပြင် ဖော်မလင်ကို ပိုးသတ်ရာတွင်လည်းကောင်း၊ ကုန်လှောင်ရုံများ သန့်ရှင်းမှုပြုလုပ်ရာတွင်လည်းကောင်း၊ ပိုးမွှားများနှိမ်နှင်းရာတွင်လည်းကောင်း၊ ပိုးချည်၊ ဆိုးဆေး၊ မှန်များပြုလုပ်ရာတွင်လည

09 Jun 2022

           ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အစေ့ထုတ်ပြောင်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူထံက သိရသည်။ အစေ့ထုတ်ပြောင်းသည် ရောင်းချရာတွင် မိသားစုဝင်ငွေ ပိုမိုရရှိစေ၍ တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင်း မိုးအစေ့ထုတ်ပြောင်းများကို ရှမ်းတောင်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

Pages