သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းများကို နေပြည်တော်တိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းအဖြစ် တိုးမြှင့်ဖွဲ့စည်းခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။
မော်လမြိုင်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၃.၆.၂၀၂၂ ရက် နေ့လည် ၂ နာရီက မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တရားမ၀င်ကုန်သွယ်မှုများမရှိစေရေး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပွဲကို ၂၆-၅-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံဦးအောင်လွင်သည် မဲဇလီဒလကျေးရွာတွင် တောင်သူ (၉၁)ဦးအား ၂.၆.၂၀၂၂ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ တောင်သူများအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။