သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ(၁)၌ ၂၇.၅.၂၀၂၂ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ဆန်စက် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးများ
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာသည်နှင့်အမျှ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူနေကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့၊ နံနက် (၀၉ : ၃၀) နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ မြေနီကုန်းရပ်ကွက်ရှိ ပြည်အောင်ရတနာ ဆီဆိုင်၊ တော်ဝင်(၁)ဆီဆိုင်၊ တော်ဝင်(၂)ဆီဆိုင်နှင့် ထေးသမရပ်ကွက်ရှိ ရွှေသဇင်မိုးဆီဆိုင်တို့၌ ဈေးကွက်အတွင်းရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်များ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ ဂါလံများ ပြည့်မီမှုရှိ/မရှိကို မိတ်ဖက်ဌာနများဖြစ်သော ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်
(၂၈.၅.၂၀၂၂) ရက် စနေနေ့ နံနက်(၉)နာရီအချိန်တွင် ဘီးလင်းမြို့နယ်ရှိ ရွှေစင်ဦး ဟိုတယ်ခန်းမ၌ (၅)ရက်တာ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့် သင်တန်းကို National Enlightenment Institute (NEI) နှင့် မော်လမြိုင်ကုန်စည်ဒိုင်တို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မော်လမြိုင်ကုန်စည်ဒိုင် အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ NEI မှတာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူ စုစုပေါင်း(၅၃)ဦး တက်ရောက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးတွင် ၂.၆.၂၀၂၂ ရက်နေ့ ၁၃:၃၀ အချိန်၌ သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးမင်းတင့်လွင်၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်း ရှင်များအသင်း ဥက္ကဌ ဦးခိုင်ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဆန်စက် လုပ်ငန်းရှင် (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။