သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ခတ္တာလမ်းနှင့် (၁၁)လမ်းထောင့်၊ အောင်ဆန်း(၂) ရပ်ကွက်၊ မိတ္ထီလာမြို့၌ မာလာကြက်အူချောင်း(အချို၊အစပ်) ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၂ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင်များအသင်း ရွေးချယ်တင်မြောက်ပွဲကို (၂၉.၅.၂၀၂၂) နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှစ၍ အစီအစဉ် (၁၀)ရပ်ဖြင့် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွားသင်တန်းကို (၂၇.၅.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တာဝန်ခံသည် (၁၃.၅.၂၀၂၂) ရက်နေ့တွင် စီးပွားရေး လုပ်ငန်းရှင် (၃) ဦးနှင့်တွေ့ဆုံ၍ စားအုန်းဆီ ဖြန့်ဖြူးနေမှု အခြေအနေ ၊ တစ်ပတ်အတွင်း စားအုန်းဆီဈေးနှုန်း၊ သတ်မှတ်ပေပါ အရောင်များဖြင့် ဖြန့်ဖြူးမှု ရှိ/မရှိ ၊ သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo) များ ကပ်နှိပ်ထားရှိမှု ရှိ/မရှိအား ကွင်းဆင်း စိစစ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာအုပ်စုများအလိုက် ကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက်မှုများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ မှစ၍ တစ်လလျှင် (၁၀) ရွာနှုန်းဖြင့် ကျေးရွာ (၃၀) အား အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။