သတင်းနှင့် လှုပ်ရှားမှုများ
၁.၆.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံရုံး၌ မုဒုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံ၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း ဥက္ကဌနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျိုက်မရောမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၂.၆.၂၀၂၂ ရက် နေ့လည် ၁ နာရီက ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ပြုလုပ်သည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် 16.5.2022 ရက်မှစ၍ 28.5.2022 ရက်ထိ မြို့နယ်၊ ရပ်ကွက်များရှိ စားသုံးသူပြည်သူများနှင့် Online ပေါ်ရှိ စားသုံးသူပြည်သူများထံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား ကောက်ယူဆောင်ရွက်ခဲ့ကြပါသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်ဖြင့် ရောက်ရှိလာသော ကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူချုပ်ဦးမြင့်သူရသည် ၁.၆.၂၀၂၂ရက်နေ့ ဗန်းမော်မြို့၊ မြသီတာဧည့်ရိပ်သာခန်းမ၌ ဗန်းမော်မြို့၊ လွယ်ဂျယ်မြို့မှ ကုန်သည် လုပ်ငန်းရှင်များ၊ ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အဖွဲ့ဝင်တို့အား တွေ့ဆုံ၍ နိုင်ငံတော်ကုန်သွယ်ရေးမူဝါဒများ၊ လက်ရှိဆောင်ရွက်လျက်ရှိသောမူဝါဒများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကုန်သွယ်မှုနှင့် ငွေ
၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (ကရင် ပြည်နယ်အသင်းခွဲ)၏ ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဇွန်လ (၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းကိုယ်စားလှယ် များ၊ကရင်ပြည်နယ်အတွင်းရှိ