ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ CICC ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၆.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာ ပြန့်ပွားရေးနှင့် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှုတို့ကို  မြှင့်မားစေရန် ရည်ရွယ်၍ (၆/၂၀၂၅)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက အမျိုးသား စားသုံးသူကာကွယ်ရေး အစီအစဉ်(NCPP)၏ လုပ်ငန်းစဉ်(၅)ရပ်မှ စားသုံးသူအသိပညာပေးရေး အစီအစဉ်၏ အဓိကရည်ရွယ်ချက်များ၊ တာဝန်ခံဆောင်ရွက်ခြင်းနှင့် ဦးစားပေးဆောင်ရွက်ခြင်းများ၊ ရည်ရွယ်သည့်အုပ်စုများ၊ နည်းလမ်းများနှင့် ဦးစားပေးအသိပညာပေးရန် နေရာများအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ အဓိကဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အကြောင်းကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)