မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ စိမ့်စမ်းသောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   ၂၆.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စိမ့်စမ်း သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

    ထို့သို့ တွေ့ဆုံဆွေးနွေးရာ မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သော ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများအပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ(သို့မဟုတ်) အခြားဘာသာတစ်ခုခုဖြင့်တွဲလျက်ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)