သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦစီးဌာန၊ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၀.၆.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီလက်ကားကုန်စုံဆိုင်မျာသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကယားပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွား သင်တန်း (၁/၂၀၂၂)ကို ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ခန်းမ၌ ဇွန်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့ထိ ၊နံနက်(၀၉:၃၀)အချိန်မှ ညနေ (၁၅: ၃၀)အချိန်ထိ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အဆိုပါသင်တန်းတွင် ကယားပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသ
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၈)ရက် နေ့နှင့်(၉)ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဆင့်ပွားသင်တန်း ၁/၂၀၂၂ တွင် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ သင်တန်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်း ချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၂)ကို ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန် လ (၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေ့စဉ် နံနက်(၁၁:၀၀)နာရီမှ ညနေ (၁၂:၀၀)နာရီ အထိလည်း ကောင်း၊ ညနေ (၁၅:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ သင်ခ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီတွင် မုံရွာတက္ကသိုလ်၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်နှင်းစန္ဒာတို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောဆွေးနွေးကြပါသည်။